မတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မတ္တရာ ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၅နာရီက ကျင်းပသည်။

ဦးစွာ အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်က နှစ်သစ်ဆုတောင်းစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအက ဆုချီးမြှင့်ပွဲတွင် တတိယဆုရရှိသော မူလွန်(မြို့မ)ယိမ်းအဖွဲ့အား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ ဒုတိယဆုရရှိသော အမှတ်(၄)ရပ်ကွက် ပိတောက်မောင်ယိမ်းအဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်းအောင်၊ ပထမဆုရရှိသော အ.ထ.က(စလွန်ဖြူ)ယိမ်းအဖွဲ့အား အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးမှ တေးသီချင်းကို သီဆိုပြီး ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ယိမ်းပြိုင်ပွဲ၌ ဆုရရှိသော ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ရွှေရာသား