တောင်သာမြို့ သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်သာ ဒီဇင်ဘာ ၉

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက်  (၉)နာရီ အချိန်က  မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း ဟောပြောခြင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာ များဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ရေဘေးနှင့် လေဘေးအန္တရာယ် အသိပညာပေး  ဟောပြောခြင်း စသည်များအား  အသီးသီး ဟောပြောကြပြီးနောက် သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးမြင့်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ သက်တန့် ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၁) လုံးနှင့် ခြင်းလုံး(၃)လုံး စုစုပေါင်း ငွေကျပ် ငါးသောင်းနှစ်ထောင် တန်ဖိုးရှိသည့် အားကစား ပစ္စည်းများ လှူဒါန်းခဲ့​ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါ၀င်စားစွာ ကြည့်ရှု့ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၄၂) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)