လယ်ဝေး ဒီဇင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမြတ်ခိုင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက လူငယ်နှင့်မူးယစ်ဆေး၊ လောင်းကစား အန္တရာယ်များ ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)