ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၉

 မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငယ်ရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊   စာရေးဆရာများ၊  ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည် ။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊  ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး    ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊  ခရိုင်အားကစားမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ ဦးအောင်နိုင်ထူးက  ဗလငါးတန် ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခြင်း၊  စာရေးဆရာ  ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။

 ဆက်လက်ပြီး  ကျောင်းသား ၊ ကျောင်းသူများက ဟောပြောဆွေးနွေးချက်များအား မိမိတို့ မှတ်သားနားလည်မှုအလိုက် အသီးသီး ပြန်လည်ဆွေးနွေး တင်ပြကြ၍  စာရေးဆရာ ကိုရွှေအောင်သင်းက သုတရသ စာအုပ်များအား ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား  ကြည့်ရှုမှတ်သား လေ့လာခဲ့ကြကြောင်း သိရသည် ။

ခရိုင်(ပြန်/ဆက်)