ပေါင်းတည် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (မြို့မ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုဟောပြောပွဲ၌ ဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းကြက်ခြေနီအသင်း ဖွဲ့စည်းခဲ့မှုများ၊ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကြည်ထွန်းက ဆင်းရဲဒုက္ခရောက်နေသူများနှင့် အကူအညီ လိုအပ်နေ သူများကို ခွဲခြားခြင်းမရှိပဲ ကြားနေကာ လူသားခြင်းစာနာထောက်ထားသော စိတ်ဓာတ်ဖြင့် ကိုယ်ကျိုးမဖက် အများကောင်းကျိုး အတွက် စိတ်ရင်းစေတနာဖြင့် ကူညီဆောင်ရွက်လျက်ရှိသော ကြက်ခြေနီများ၏ လုပ်ငန်းများအကြောင်း သိရှိနားလည်စေရန်နှင့် ပူးပေါင်း ပါဝင်ဖွဲ့စည်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ထိုရှေးဦးပြုစုခြင်းအကြောင်းကို ဆွေးနွေးဟောပြောရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသပေးခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)