မာန်အောင် ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက် မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ရန်အောင်မြင်ရပ်ကွက်ရှိ မြို့မ အားကစားကွင်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးယှဉ်ပြိုင်မှုကို မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် အညီစနစ်တကျ ကြီးကြပ်ဆောင်ရွက်ပြီး အပြေးမီတာ ၁၀၀(ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀(မ)စုစုပေါင်း(၅)မျိုးယှဉ်ပြိုင်ကြပြီး မြို့နယ်အတွင်းရှိ အ-ထ-က၊ အ-ထ-က(ခွဲ)နှင့် အ-လ-က(ခွဲ)ကျောင်းများရှိ Grade-9 မှ(၁၁)ဦး၊ Grade-10 မှ(၉)ဦး၊Grade -11မှ(၆)ဦး၊ Grade-12မှ(၁)ဦး၊ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၂၇)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)