မိုးကုတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မိုးကုတ် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီခွဲက ပိတ်စွယ်ရပ်ကွက်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ဖို့ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများက အသိပညာ၊ အတတ်ပညာနဲ့ပြည်စုံတဲ့ လူငယ်များပေါ်ထွန်းလာဖို့လိုပါကြောင်း၊ လူငယ်တွေဟာဗလငါးတန်ပြည့်စုံပြီး နိုင်ငံ့တာဝန်ကိုပခုံးပြောင်း တာဝန်ထမ်းဆောင်ကျရမဲ့ ကျောင်းသား/သူများဖြစ်ပါကြောင်း၊ အသိပညာတိုးပွားစေရန်၊ နုတ်မှုစွမ်းရည်တိုးတက်စေရန်၊ အသိပညာ၊ အတတ်ပညာများဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့်များရရှိစေရန်၊ စဥ်းစားတွေးခေါ်တတ်သည့် စွမ်းရည်များရင့်သန်လာစေရန်၊ ရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်၊ ယဥ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးဆောက်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ဆောင်ရွက်ပြီး အဆိုပါကျောင်းမှ Grade -9 ကျောင်းသား မောင်ကောင်းမြတ်သူက လူငယ်နှင့်ကျန်းမာရေး၊ Grade – 9 ကျောင်းသူ မယဥ်ငြိမ်းဇေက လူငယ်နှင့်ရည်မှန်းချက်၊ Grade – 9 ကျောင်းသူ မဆောင်းနှင်းဝေက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade – 8 ကျောင်းသား မောင်ဗျာသာဒေးဗစ်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade – 8 ကျောင်းသူ မငုဝင့်ဝါက လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး  တက်ရောက်လာသည့် ကျောင်းသား/သူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်ရာ ဆွေးနွေးပြောကြားပေးသော ကျောင်းသား/သူများက ပြန်လည်​ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)