သာစည် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ မြေစိုအခြေခံပညာအထက်တန်းကျောင်းနှင့် ကြာဘက်ကုန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းက လူငယ်များ ဗလငါးတန်နှင့်ပြည်စုံသည် လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပေးနေခြင်းဖြစ်ပါကြောင်း ဗလငါးတန် ဖွံဖြိုးတိုးတက်ရေးဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ ဖြစ်ပါကြောင်း၊ လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည့် အခန်ကဏ္ဍတွင် ပါဝင်ဖြစ်သောကြောင့် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ပညာရေးရည်မှန်းချက် ထားရှိရမှာဖြစ်ပါကြောင်း စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားသင်ယူကြစေလိုကြောင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သော မျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် ဟောပြောခဲ့ပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝင်းထွန်းဦးက လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြော၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက်မြေစိုအခြေခံပညာအထက် တန်းကျောင်းနှင့် ကြာဘက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးမြင့်နှင့် ကျောင်းအုပ် ဆရာကြီးဦးကျော်လွင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိ ပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မြို့နယ်တွင်းလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်း သား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)