သတင်းများ

ခိုလမ်မြို့(Community Centre)ခန်းမတွင် ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြသ
Dec 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ (Community Centre)ခန်းမတွင် အခြေခံပညာမူလတန်း(ခလရ-၆၆)ကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်း
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွက် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေပြီဖြစ်သည်။
မင်းလှမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ကို ယမန်နေ့ညနေ (၅)နာရီက ရုံးရပ်မြေက်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့တွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်နှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ ရပ်တော်မူဘုရား အောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူး ကောက်သစ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းသက္ကရာဇ် ၂၁၁၈ ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပသည်။
မိုင်းယောင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား သက်ငယ်မုဒိန်းမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား သက်ငယ်မုဒိန်းမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းအခြေအနေ
Dec 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းအနေဖြင့် တော်ဝင်မိုင်းယောင်းဆန်စက်မှ မှော်ဘီ-၃ စပါး တစ်တင်းကို ကျပ် (၁၈၅၀၀) ဖြင့် ဒေသပေါက်စျေးအတိုင်း ဝယ်ယူလျက်ရှိပြီး (၁၀) ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို (၁၈၀၀၀) ကျပ်၊ (၂၀) ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို (၃၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း