လားရှိုး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းသက္ကရာဇ် ၂၁၁၈ ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များထံ နှစ်သစ်ကူးကောက်သစ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နှစ်သစ်အခါသမယတရားတော်များ နာကြားကြသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)