မိုင်းယောင်းမြို့၌ ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းအခြေအနေ

မိုင်းယောင်း ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းအနေဖြင့် တော်ဝင်မိုင်းယောင်းဆန်စက်မှ မှော်ဘီ-၃ စပါး တစ်တင်းကို ကျပ် (၁၈၅၀၀) ဖြင့် ဒေသပေါက်စျေးအတိုင်း ဝယ်ယူလျက်ရှိပြီး (၁၀) ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို (၁၈၀၀၀) ကျပ်၊ (၂၀) ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို (၃၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တော်ဝင်မိုင်းယောင်း ဆန်စက်မှ ဝယ်ယူဖြန့်ဖြူးသည့် စပါး၊ ဆန် ဈေးနှုန်းများကို သိရှိလိုပါက ၀၉-၄၂၈၂၂၃၄၆၈ နှင့် ၀၉-၆၉၂၁၃၀၂၄၈ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)