ညောင်တုန်း ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နေကြာနှင့် ပိုက်ဆံလျှော် စိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့) ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
နေကြာစိုက်ပျိုးပွဲသို့ ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (စက္ကော့) ဝန်းအတွင်းရှိ နေကြာသီးသန့် (၂)ဧကနှင့် ပိုက်ဆံလျှော်(၀.၂)ဧကတို့တွင် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လက်တွေ့လေ့ကျင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် နေကြာ(သီးသန့်)စိုက်ဧက ၂၅ ဧက၊ နေကြာ(သီးညှပ်) စိုက်ဧက ၆၈၇၂ဧက စုစုပေါင်း ၆၈၉၇ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)