လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ ပုလဲတစ်ကန့်သန္တာတစ်ကန့်ခေါင်းစဉ်ဖြင့် ဧကပိုဒ်ရတုကို ယနေ့ နေ့လယ်(၁)နာရီ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထများဖြစ်ပေါ်လာစေရေး ရေးသူဖတ်သူဆွေးနွေးခြင်းနှင့် စာအုပ်၊ စာစောင်ဝေဖန်သုံးသပ်ခြင်းများ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ဦးစီးအရာရှိဒေါ်ခင်၀င်းမူက ရှင်းလင်းပြောကြားသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာဖတ်၀ိုင်း Book Club ဆွေးနွေးပွဲတွင် ပုလဲတစ်ကန့်သန္တာတစ်ကန့် ဧကပိုဒ်ရတုကို စာရေးဆရာ မျိုးမင်းနိုင်(ပန်းလှိုင်မြေ)က စာရေးဆရာရဲ့ငယ်နာမည်မှာ မောင်မောက်ဖြစ်ကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်း၀ခေတ်တို့တွင်ရေးဖွဲ့ခဲ့သော ကဗျာအလင်္ကာရတု၊ အရေးသားအကြောင်းအရာများနှင့်လောကနီတိကျမ်းများရေးဖွဲ့ခဲ့ကြောင်း၊ အလင်္ကာဂုဏ်ရသရှိရှိဖြင့် ထိမိစွာသီကုံးရေးဖွဲ့ခဲ့သော စာရေးဆရာမောင်မောက်သည် ဆရာတော်ရှင်မဟာရဠသာရဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာရေးဆရာအသင်းဥက္ကဋ္ဌမှလည်း သန္တာဆိုသောအကြောင်းအရာကိုမေးမြန်းဆွေးနွေးကာ တက်ရောက်လာသည့်စာပေချစ်မြတ်နိုးသူ စာရေးဆရာတစ်ဦးမှလည်း ရေအောက်မှ သန္တာဖြစ်ပေါ်လာပုံအကြောင်းကိုလည်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူစာရေးဆရာများမှလည်း အပြန်အလှန်ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းသို့စာပေဝါသနာပါသူ(၂၀)ဦး တက်ရောက်လျက်ရှိသည်။
ခင်၀င်းမူ(ပြန်/ဆက်)