သတင်းများ

စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြား
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းအား ယနေ့နံနက် (၉) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ် ပြုလုပ်ဆောင်ရွက်ပေး​ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍  ကျုံသွတ်ကျေးရွာအုပ်စု၊ ချောင်းလေးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၏ ၂၀၂၆ ခုနှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းပညာရေး တက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "မရော်မီ၊ မဝါမီ၊ မသွေ့မီ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 20,2026
ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသည့် "မရော်မီ၊မဝါမီ၊ မသွေ့မီ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်း၌ ဖြူးမြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာတမာသင်းခိုင်က "မရော်မီ၊ မဝါမီ၊ မသွေ့မီ" စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၁၀) နှစ်ပြည့် ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။