ဖြူး ဧပြီ ၂၀
ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားသည့် "မရော်မီ၊မဝါမီ၊ မသွေ့မီ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်း၌ ဖြူးမြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာတမာသင်းခိုင်က "မရော်မီ၊ မဝါမီ၊ မသွေ့မီ" စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် "မရော်မီ၊မဝါမီ၊ မသွေ့မီ"စာအုပ်တွင် ပါဝင်သည့် "တန်ဖိုးရေးမထားသော တန်ဖိုးတစ်ခု"၊ "အနွမ်းနွေ"၊ " မရော်မီ၊မဝါမီ၊ မသွေ့မီ" စသည့် ခေါင်းစဥ်အလိုက် ရေးသားချက်များကို (BookClub) အဖွဲ့ဝင်များ၊ စာကြည့်တိုက်အသင်းဝင်စာငှားပရိသတ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ အသီးသီးဖတ်ကြားပြီး စာရေးဆရာ၏ အက်ဆေးစာစုရေးသားချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)