သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေး ကျင်းပ
Apr 21,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေးနှင့် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကတိသစ္စာပြုခြင်းအခမ်းအနားတို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ရန်ကင်းမြို့နယ်၌ မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Apr 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်တွင် အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Apr 20,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အပူဒဏ်အန္တရာယ်မှ ကင်း​​ဝေး​စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးလမ်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲနှင့် အသက်မွေးဝမ်းကြောင်း ကွန်ပျုတာ(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ ရုံးဖွင့်ပွဲနှင့် အသက်မွေးဝမ်းကြောင်းကွန်ပျုတာ(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၁၀)နာရီက ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးဝန်း၌ ကျင်းပသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်၊ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Apr 20,2026
ကယားပြည်နယ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “အောင်မြင်ခြင်းအုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 20,2026
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် စာပေကို ပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
အကျွတ်၊ အလွတ် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ၊ ဆွမ်းကပ်ပွဲနှင့် အမျှပေးဝေပွဲ တွံတေးမြို့၌ ကျင်းပ
Apr 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အိုးဘိုသုသာန်၌ သိသူ မသိသူ၊ လူမျိုးတူ မတူ၊ ဘာသာတူ မတူ၊ ဆွေမျိုးတော် မတော် ကုသိုလ်ရှင်များ၏ ကောင်းမှုအစုစုတို့ကို ကုသိုလ်အမျှပေးဝေမှုအား မျှော်လင့်စောင့်စားနေကြသော ဒုဂ္ဂတိဘုံသားတို့အား ကုသိုလ်အမျှရရှိပါစေခြင်းအကျိုးငှာ တွံတေးမြို့ လောကမှန်ကူကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မရက္ခိတ၏ သြဝါဒကိုခံယူ၍ မဇ္ဇျီမလူမှုကူညီရေးအသင်း (တွံတေး)နှင့် အလှူရှင်များကဦးဆောင်ကာ (၁၃)ကြိမ်မြောက် အကျွတ်အလွတ် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ၊ဆွမ်းကပ်ပွဲနှင့် ပရိတ်တရားတော်နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပွဲနှင့် အကျွတ်အလွတ်တရားပွဲများအား ယမန်နေ့နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က အိုးဘိုသုသာန်ရှိ မီးသင်္ဂြိုလ်စက်တန်ဆောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 20,2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်အထက် မွန်တိုင်းရင်းသားသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခေတ္တယာယီ) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။