ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ညောင်တုန်း ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော် ဦးဆောင်သော မြို့နယ်အဆင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းအဖွဲ့မှ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေငှားဂရန် လျှောက်ထားခွင့်ရှိသူများ၊ ကျေးရွာ မြေအား မြေငှားဂရန်လျှောက်ထားရန် ကနဦးဆောင်ရွက်ရမည့် အခြေအနေများစသည့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည််များအား ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)