စစ်ကိုင်း ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၏ ၂၀၂၆ ခုနှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းပညာရေး တက္ကသိုလ်အားကစားခန်းမတွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့ရှိ အဆင့်မြင့်ပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာစစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပညာရေးဘွဲ့ကျောင်းသူများမှ အချိန်၏တန်ဖိုးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသားများအဖြစ် စစ်ကိုင်းခရိုင်အတွင်းရှိ အင်္ဂလိပ်စာ သင်ကြားသည့် မူလတန်းပြ ဆရာ၊ ဆရာမ ၁၀၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်မှ မေလ ၂၂ ရက်အထိ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
အေးငြိမ်းစံ(ပြန်/ဆက်)