ဒေးဒရဲ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းအား ယနေ့နံနက် (၉) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ ယဥ်ကျေးသိမ်မွေ့စေရန်၊ မိမိကိုယုံကြည်မှုရှိ၍ လူမှုဆက်ဆံရေးတွင် ပိုမိုကောင်းမွန်စွာ ဆက်ဆံတတ်စေရန်နှင့် လူမှုအသိုင်းအဝိုင်းတွင် သာယာချမ်းမြေ့သော ပတ်ဝန်းကျင် တည်ဆောက်နိုင်ရေး ယဥ်ကျေးလိမ္မာသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မိုးသီတာအောင်က အခြေခံဗုဒ္ဓဘာသာရပ်၊ ယဥ်ကျေးခြင်းဆိုင်ရာများနှင့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်များ ရှင်းလင်းသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါယဥ်ကျေးလိမ္မာသင်တန်းကို (၂၀၂၆) ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ လူငယ်များယဥ်ကျေးလိမ္မာခြင်းဆိုင်ရာများအား သင်ကြားပို့ချပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက် များက အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
အေဇာလင်း