မြောင်းမြ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ကျုံသွတ်ကျေးရွာအုပ်စု၊ ချောင်းလေးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များက ကျေးရွာအရောက် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးရခြင်းများအကြောင်း၊ လမ်းတံတားများ ကောင်းမွန်စေရေး၊ မီးရရှိရေးနှင့် ပညာရေးကဏ္ဍများကို တိုးတက်စေချင်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ယခုထက်ပိုမိုကောင်း မွန်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံပြည်သူများက မိမိရပ်ရွာအကျိုးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီး သူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
ထို့နောက် မြောင်းမြမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)