ရွှေဘိုတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်
Apr 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် ပိုမိုမြင့်မားလာစေရန်အတွက် ရည်ရွယ်၍ "အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။