သတင်းများ

မိုင်းဆတ်ခရိုင် စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jun 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်စီမံကိန်း‌ရေးဆွဲ‌ရေးအ‌ကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့နံနက် ၁၀ နာရီက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌  အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
Jun 05,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၈ နရီခွဲက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာ၌ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆွေးနွေး
Jun 05,2025
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်
Jun 05,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်‌‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယကမှ မူလတန်းကြိုကျောင်းကလေးများအား အာဟာရကျွေးမွေးလှူဒါန်း
Jun 05,2025
ရှမ်းပြည်နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစောမှ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မူလတန်းကြိုကျောင်းရှိ ကလေးများအား အာဟာရဒါနလှူဒါန်းခဲ့‌ကြောင်း သိရသည်။