ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ပြည် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပန်းချီသင်တန်းဖွင့်လှစ်ရာ ဒေသတွင်းမှ အခြေခံပညာကျောင်းသား/ကျောင်းသူများ တက်‌ရောက်သည်။

သင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမ ဒေါ်ခိုင်ဝါဝါအောင်က အခြေခံပန်းချီပညာရပ်ဆိုင်ရာ သဘောတရားများနှင့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များဖြင့် ပန်းချီစတင် တည်ဆောက်ပုံများကို စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသည်။

အဆိုပါသင်တန်းသို့ ပြည်မြို့ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅ ဦးတက်ရောက်ပြီး သင်တန်းကို ယခုလ ၂၁ ရက်မှ မေ ၁၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်