သတင်းများ

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ဗျတ္တဈေးတောင်ဘက်ကပ်လျက် လူနေအိမ်နှင့် ဂိုထောင်မီးလောင်မှုဖြစ်ပွား
Apr 22,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ဗျတ္တယာယီဈေး တောင်ဘက်ကပ်လျက်ရှိ လူနေအိမ်နှင့်ဂိုထောင် ဧပြီ ၂၁ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 22,2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ ကျားချောင်ကျေးရွာအုပ်စု (အ.မ.က‌) မူလွန်ကျောင်း၌ပြုလုပ်သည့် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ရေကြည်မြို့နယ် ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​နေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိသည်။
ဖောင်းပြင်မြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်နေကြာကို သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Apr 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများသည် စပါး၊ ပဲမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာ၊ ပန်းနှမ်းတို့ကို တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးကြရာမှ ယခုအခါ ဆီထွက် သီးနှံဖြစ်သည့်နေကြာကို သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း ပိုးစာကုန်းကျေးရွာက တောင်သူဦးတင်အောင်ထံမှသိရသည်။
မြို့သစ် မြို့နယ်မှ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ (အခမဲ့) စမ်းသပ်ကုသပေး
Apr 22,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း "သံဃာတော်များဆေးကုသဆောင်" ၌ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား
Apr 22,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ (၂၁) ရက်နေ့က တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှု တိုင်း‌ဒေသကြီး ဦးစီးမှူးကြည့်ရှုစစ်ဆေး
Apr 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ တာဦးကဉ္စနာရာမဘုန်းတော်ကြီးကျောင်း၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ် ရေးကတ်ပြားဆောင်ရွက်ပေးနေမှုကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ကြည့်ရှုအားပေးသည်။
မအူပင်မြို့နယ်၊ အိုင်းဝိုင်းကျေးရွာရှိ စိန်‌ရွှေရတနာ ဘုန်းတော်ကြီးကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေး ကွင်းဆင်းဟောပြော
Apr 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ စိန်ရွှေရတနာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ဒေသခံပြည်သူမျာအား မီးဘေးလုံခြုံရေး အသိပညာပေးကွင်းဆင်း ဟောပြောသည်။
ညောင်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲပြိုကျပြီး၊ ကားလမ်းများ ပိတ်လဲကျနေခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အမြန်ရှင်းလင်း
Apr 22,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်တို့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်ကစတင်၍ လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်း ပင်ကြီးများလဲကျကာ ကားလမ်းများပိတ်ဆို့လဲကျနေခြင်း၊ လူနေအိမ်ပေါ်သို့ လဲကျပိနေခြင်းများကြောင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။