သတင်းများ

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေကြသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ကြည်ညို
Jun 05,2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဇွန်လ ၂ ရက် နေ့မှစတင်၍ ပြန်လည်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၉) မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့်ဖြေဆိုနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး  မွန်းလွဲပိုင်းက သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
လွိုင်လင်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ
Jun 05,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ
Jun 05,2025
ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေး
Jun 05,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇွန်လ (၂) ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများ၊ ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျ စိစစ်ထုတ်ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။
လဲချားမြို့၏အထင်ကရ နေရာတစ်ခုဖြစ်သော နောင်ခမ်းကန် သာယာလှပရေးအတွက် ကန်ပတ်လည် ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 05,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သော နောင်ခမ်းကန် သာယာလှပ​ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဆိုလာမီးတပ်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ရက်ပထမနေ့၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
သရက်မြို့၌ ပါဠိပထမပြန် စာမေးပွဲ ဖြေဆို
Jun 05,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက သာသနာဗိမာန်တော်ကြီးအတွင်း၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော သစ်ပင် တန်ဖိုးများကို အများပြည်သူများ အလေးထား သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်(၈)နာရီက ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ  စိန္တာမုနိဘုရား​ကြီးကျောင်းတိုက်ပရဝုဏ်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။