မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Apr 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဧပြီ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။