ဒေးဒရဲမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော သစ်ပင် တန်ဖိုးများကို အများပြည်သူများ အလေးထား သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်(၈)နာရီက ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ  စိန္တာမုနိဘုရား​ကြီးကျောင်းတိုက်ပရဝုဏ်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနက မြို့နယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် အခြေခံပညာကျောင်းများသို့ ပျိုးပင်များ လွှဲ​ပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်  သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေ၊ မြို့နယ်သစ်တောဦးစီးဌာမှ တာဝန်ခံတောအုပ်ကြီးဦး​​အောင်မျိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ ကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မန်ဂျန်ရှား၊ မာလာလူးကား၊ ခရေ၊ ပင်လယ် ကဗွီး၊ ကံ့ကော်၊ ရေတမာစသည့် ပျိုးပင် (၅၀၀)ကျော်အား တပျော်တပါး စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း