ကျွန်းလှ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် နှစ်နှစ်အောက်ကလေးများကို လစဉ်လဆန်းတစ်ရက်နေ့စတင်ပြီး ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မြို့ပေါ်ရပ်ကွက်များရှိ ကလေးများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ကျေးရွာများရှိ ကလေးများကို မြို့နယ်ပြည်သူ့ဆေးရုံတို့မှာ ကျန်းမာရေးဝန်ကြီးဌာန၊ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တာဝန်ကျဆရာမများက ထိုးနှံတိုက်ကျွေးပေးကြပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို