မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ်အရေးယူရေးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၉)နာရီက စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်များသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှု စသည့် သတ်မှတ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တရားမဝင်မော်တော်ဆိုင်ကယ်များ လုံးဝရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးတို့ကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့သည်။