သတင်းများ

ကချင်ပြည်နယ် မိုးစပါးစိုက်လယ်များ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ဧကအလိုက် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
May 06,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်လယ်များအား ကွင်းဆင်းစစ်ဆေးသည်။
ကော့သောင်းမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်ပေးလျက်ရှိ
May 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို မြို့နယ်ဦးစီးမှူးရုံးတွင်ဧပြီလ (၂၀) ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ
May 06,2026
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ‌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ပါမောက္ခ ဦးလှအောင်ခန်းမ၌ ကျင်းပသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 06,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီက ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
‎မဟာအောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
May 06,2026
‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပို့ချ
May 06,2026
အားကစားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်မြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
မူဆယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝ မြေဩဇာများ ချီးမြှင့်ပေးအပ်
May 06,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာ ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ကျွဲ၊နွားများအား ရက် ၁၀၀ စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အသားကဏ္ဍစားသုံးမှုဖူလုံစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် မေ ၅ ရက်နံနက်က ကျွဲ၊ နွားရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။