သတင်းများ

မိုင်းဆတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်)၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်
May 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ နံနက် (၇) နာရီအချိန်မှစတင်၍  အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
May 29,2025
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေမြိုင်သီရိရပ်၊ မျှော်လင့်ဆိပ်ကမ်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု တို့ကို အတည်ပြုပေး
May 29,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးထုအတွင်း မှန်ကန်သောအာဟာရအသိပညာ ပြည့်စုံစေရေး ခရိုင်အဆင့်ဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့်အမျိုးသမီးထုအတွင်းမှန်ကန်သော အာဟာရအသိပညာပြည့်စုံစေရေး ခရိုင်အဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှု‌‌ရေးဝန်ကြီး ကလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်
May 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ က‌လောခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။