သတင်းများ

ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုတွင် မှုခင်းကျဆင်းရေးနှင့် ကျန်မာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ မှုခင်းကျဆင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆက်လက်သင်ကြားပေး
May 28,2025
ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အ-ထ-က(အင်္ဂပူ) ငုရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့တွင် အိမ်ဆောက်ပစ္စစည်းအရောင်းဆိုင်များတွင် ရောင်းချနေသော  ဘိ‌လပ်မြေအိတ်များအား သတ်မှတ်ရည်ညွှန်း  ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကုန်စျေးနှုန်းထိန်းညှိရေးအဖွဲ့သည် မေလ ၂၅ ရက်နေ့နံနက်ပိုင်းက မြို့မစျေးအတွင်းရောင်းချနေသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များရှိ ဘိလပ်မြေအိတ်များအား  သတ်မှတ်ထားသောရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များပျက်စီး
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာရှိ အ.လ.က(ခွဲ) ကံကုန်းယာယီစာသင်ဆောင်နှင့် ဟေမာန်ညီနောင်ကျေးရွာအုပ်စုရှိ ကမလာစုကျေးရွာ ရွာအလယ်တွင် ဆောက်လုပ်ထားသော လူနေအိမ်(၁)လုံးတို့သည် မေလ(၂၇) ရက် ည(၇)နာရီကျော်၌ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပြိကျ ပျက်စီးခဲ့သည်။
လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သင်္ဃန်ကြီးကျေးရွာ၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ စံပြ ၁၀၀ စိုက်ခင်း တောင်သူပညာပေးစခန်းတွင် မိုးစပါး အထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေး ဟောပြော
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ စံပြဧက(၁၀၀) တောင်သူပညာပေးစခန်း ခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၌ အခြေခံပညာကျောင်းသား/သူ ၃၅၄၇၇ ဦးထိ ကျောင်းအပ်လက်ခံပြီးဖြစ်
May 28,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ် လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် ယနေ့အချိန်ထိ ကျောင်းသား/သူ ၃၅၄၇၇ ဦးထိ ကျောင်းအပ်လက်ခံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။