သတင်းများ

မူဆယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာများ ချီးမြှင့်ပေးအပ်
May 07,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာချီးမြှင့်ပေးအပ်ပွဲကို မေလ ၅ ရက်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကျင်းပ
May 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး တစ်ဧက(၁၀) တင်းတိုးထွက်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို မေ ၄ ရက်နေ့ နံနက် ၈ နာရီက ကွေ့မအုပ်စု ကွင်းအမှတ် (၄၆)၊ ဦးပိုင် (၃၃၂/၁)၊ ဦးခင်လှ၏ လယ်မြေ ၃.၂၇ ဧကပေါ်၌ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
May 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ဓမ္မာရုံ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တွေ့ဆုံသည်။
မကွေးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
May 07,2026
မကွေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖိတ်ခေါ်ဆောင်ရွက်
May 07,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ၅ ရက်နေ့က နောင်ချိုမြို့နယ်ဦးစီးမှူးရုံးစိုက်ရာ စျေးရပ်ကွက် မြို့လယ်ဓမ္မာရုံသို့ ဖိတ်ခေါ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် သဘာဝမြေဆွေးပြုလုပ်ခြင်း ပြသ
May 07,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မိသားစုတစ်အိမ်ထောင်စာ စားသုံးနိုင်ရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်၍ လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို  MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့ တက်ရောက်
May 07,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲနှင့် ဒေသထုတ်ကုန်ပြပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေးဒရဲမြို့၌ စေတနာ့ဝန်ထမ်း၊ လူထုကျန်းမာရေးလုပ်သားနှင့် အရန်သားဖွား(အကျဥ်းချုံး) သင်တန်းဖွင့်လှစ်
May 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် လက်တွဲပူးပေါင်းကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ပြောင်းလဲလာသည့် ကျန်းမာရေးအသိအမြင်များအား စနစ်တကျ သိရှိနာလည်နိုင်စေရေး ရည်ရွယ်၍ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးလုပ်သားနှင့် အရန်သားဖွား (အကျဥ်းချုံး) သင်တန်းဖွင့်ပွဲအား မေ ၄ ရက်နေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။