သတင်းများ

မှော်ဘီမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် အခြေခံပညာမူတန်းကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်တွင် မေ ၂၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၆၅၃၉)ဦး လာရောက်အပ်နှံထား
May 28,2025
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကိုယ်ပိုင်အလယ်တန်း​ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အ‌‌ခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်ပိုင်အလယ်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ယမန်နေ့နံနက် ၉နာရီအချိန်အထိ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဆက်လက်ကျောင်းအပ်နှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက (၂) ဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  Club အသင်းများနှင့် စာဖတ်ဝိုင်းကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာဒေါက်တာသိန်းလွင်၏ "စိတ်၏ဖိစီးမှုကိုလျှော့ချနည်းများ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မေလ ၂၆ ရက်နေ့  ညနေ(၃) နာရီက ကျင်းပခဲ့သည်။
ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်း အပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 28,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မြို့နယ်သမဝါယမအသင်းစုရုံး၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုးမျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 28,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက  အ.ထ.က(ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က(ဝေါ)ကျောင်း သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။