သတင်းများ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၂၁) ဆရာဖြစ်သင်တန်း ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
May 29,2025
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း သင်တန်းအမှတ်စဉ်(၂၁) ဆရာဖြစ်သင်တန်း ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၄၂)ရပ်ကွက်၊ ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်းတွင် ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကျက်သရေဆောင် သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကျက်သရေဆောင်သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ရေစက်သွန်းချခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနား ကျင်းပ
May 29,2025
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို ‌ယနေ့နံနက်ပိုင်းက လေးကြီးကျေးရွာတွင် ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ
May 29,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
ဝေါမြို့နယ်၊ ကံမြင့်ကျေးရွာ၌ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ထားသည့်ကွင်းများ၏ ကုန်ထုတ်လမ်းများတွင် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ
May 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကံမြင့်ကျေးရွာ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ထားသည့်ကွင်းများ၏ ကုန်ထုတ်လမ်းများတွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၌ မေလ ၂၈ ရက်နေ့အထိ ကျောင်းအပ်နှံသူ ၁၄၂၂၇ ဦး ရှိလာ
May 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် စာသင်ကျောင်းများသို့ ယမန်နေ့ (မေလ ၂၈ ရက်နေ့)အထိ ကျောင်းအပ်သူ စုစုပေါင်း ၁၄၂၂၇ ဦးအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တန့်ယန်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မိသားစုများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
May 29,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မိသားစုများ၏ သား၊ သမီးများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်တွင် ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။