သတင်းများ

ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
May 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မော်လိုက်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်
May 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို မေလ(၆) ရက်နေ့နံနက် (၉)နာရီက မြို့မ(၁) ရက်ကွက် သရက်ကုန်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့နှင့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် အခမ်းအနားများနှင့် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများအား ကြည့်ရှုအားပေး
May 06,2026
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖိတ်ခေါ်ဆောင်ရွက်
May 06,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရအသက်၁၀နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ၅ရက်နေ့က နောင်ချိုမြို့နယ် ဦးစီးမှူးရုံးစိုက်ရာ စျေးရပ်ကွက် မြို့လယ်ဓမ္မာရုံသို့ဖိတ်ခေါ်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပူတာအိုခရိုင်၌ ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး
May 06,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံကျေးရွာနေပြည်သူများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၄ ရက် မွှန်းလွှဲ (၁) နာရီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ စာရိတ္ထကျေးရွာ ရာဇီဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။
ကသာမြို့မှတိုက်ပွဲရှောင်ပြည်သူ(၃၀၀၀)ကျော်  မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိ
May 06,2026
ကသာမြို့အတွင်းမှ အခြားအရပ်ဒေသများသို့ ယာယီတိုက်ပွဲရှောင်ထွက်ခွာသွားကြသော ပြည်သူများအနေဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လျက်ရှိရာလုံခြုံရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်
May 06,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအနေဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊လေးတိုင်စင်ကျေးရွာတွင် ကျင်းပသည်။
ငဖဲမြို့နယ်၌ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအသိပညာ ပေးဆွေးနွေးပွဲကျင်းပ
May 06,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ပြန်လည်ရွေးချယ်ရာတွင် တာဝန်ယူဆောင်ရွက်မည့်ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်သို့ မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊နည်းဥပေဒများအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။