သတင်းများ

မိုးရာသီအတွင်း ဖြစ်တတ်သောရောဂါများ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကွင်းဆင်းဆောင်ရွက်
May 29,2025
မိုးရာသီအတွင်း ဖြစ်တတ်သောရောဂါများ ကူးစက်ဖြစ်ပွားမှုမရှိစေရန်နှင့် ခြင်ပေါက်ပွားမှုများ လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၁၄)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
May 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြရာ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုဝင်ငွေရရှိကြကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ‌ဆောင်ရွက်
May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီ မှစတင်ကာကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး တောင်ရပ်ကွက်အတွင်းသွေးလွန်တုပ်ကွေး‌ ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်း‌‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်သည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်
May 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မှုများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
May 29,2025
စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံဆေးကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေး
May 29,2025
မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတိုးတက်စေရေးနှင့် ပြည်သူများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်နှင့် မုဒုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
May 29,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမူတော်စေတီတော်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီးအား ကြံ့ခိုင်မှုများပြန် လည်စစ်ဆေးရန်အတွက် စက်ယန္တယားများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စေတီတော်ကြီးမြောက်ဘက်မုဒ်ရှိ မေတ္တာကန်တော် ထိခိုက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
May 29,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မုန်းတိုင်ဘေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရူံ၌ ကျင်းပပြုလုပ်ခဲ့သည်။