သာယာဝတီမြို့နယ်၌ PM 2.5 နှင့် PM-10 အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော
May 07,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ PM 2.5 နှင့် PM-10 အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။