သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဘုတ်ပြင်းမြို့နယ်အတွင်းရှိ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး
May 08,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက  ဘုတ်ပြင်းမြို့ ဗိုလ်လှဖေ ဆိပ်ခံတံတားသို့ရောက်ရှိ၍  တံတား ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းနှင့် ရေယာဉ်များ အချိန်မရွေး နေ့စဉ်ဝင်ထွက် သွားလာ ဆိုက်ကပ်နိုင်ရေးအတွက်  ဘုတ်ပြင်းချောင်းအား သတ်မှတ်ရေစူးရရှိအောင် စီမံဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး
May 08,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယမန်‌နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု​ ကြက်တောင်အသင်းအား ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်က တွေ့ဆုံအားပေး
May 08,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကြက်တောင်အသင်းအား သြဝါဒစကားပြောကြားသည့်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 08,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
‎မဟာအောင်မြေမြို့နယ်၌ football for school ‎Programme အရ မြို့နယ်အတွင်း အားကစားနည်း (၅)မျိုးဖြင့် သင်တန်းဖွင့်လှစ်
May 08,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ football for school ‎Programme အရ မြို့နယ်အတွင်း အားကစားနည်း (၅)မျိုးဖြင့် မေ ၄ ရက်နေ့မှစ၍ သင်တန်းဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရသည်။
ပုသိမ်မြို့တွင်၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၌  ကေတီဗွီ(CDOK) လုပ်ငန်းရှင်များ အနေဖြင့် လိုက်နာရမည့် စည်ကမ်းချက်များ ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကေတီဗွီ(CDOK)ဆိုင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်ကမ်းချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ကုန်းကြီးအုပ်စု၊ နတ်မော်လမ်းရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ရက်(၁၀၀)စီမံချက်ဖြင့် မေ ၅ ရက်နေ့ နံနက် ၁၀ နာရီက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။