သတင်းများ

နွေရာသီကာလ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရရှိ
May 08,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နွေရာသီကာလ ကွမ်းကြမ်းခူးယူ ရောင်းချရာ၌ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ကလေးမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ အခမ်းအနားကျင်းပ
May 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့‌ မီးသတ်ဦးစီးဌာနရုံးတွင် နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့‌နေ့အခမ်းအနားကို မေ ၅ ရက်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
ကျွန်းစုမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ ကွင်းဆင်းအသိပညာပေး
May 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး၊ ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာများကို မေလ ၇ ရက်နေ့ နံနက်ပိုင်းက တာရပိုင်းကျေးရွာရှိ အ-ထ-က ကျောင်းခန်းမ၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။
ဖျာပုံမြို့၌ ခရိုင်အဆင့်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို မေ ၅ ရက်နေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြစ်သားမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြိုနယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများနှင့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မေ ၇ ရက် နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
May 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြိုနယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများနှင့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို မေ ၇ ရက် နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်တွင်းမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရက်(၁၀၀)စီမံချက်ကို လုပ်ငန်းစဉ်(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  စီးပွားဖြစ်မွေးမြူရေးခြံ စာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်အိမ်စာရင်း ကောက်ယူခြင်း၊ တိရစ္ဆာန်သုံးဆေးဝါးနှင့် အစာဆိုင် စာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျွဲနွားကာကွယ် ဆေးများထိုးနှံခြင်း၊ နွားမျိုးကောင်းမျိုးသန့်တိုးပွားလာစေရေးအတွက် နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းများဖွင့်လှစ်ခြင်းနှင့် မွေးမြူရေးခြံများတွင် နမူနာပြ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ပါဝင်ပါသည်။
အိမ်မဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP), (AVIP) ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ
May 08,2026
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP), (AVIP) ရေးဆွဲနည်းသင်တန်းကို အဆိုပါဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ မေ ၆ ရက်နေ့နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့သည်။