ဥတ္တရသီရိ ဒီဇင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ ကွင်းအမှတ် (၁၈၇၉)၊ ဦးပိုင်အမှတ် (၃၂/၅)၊ တောင်သူ ဦးကျော်လွင်၏ လယ်ယာမြေ၌ မိုးစပါးဆင်းသုခ စံပြကွက်အား ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲသို့ ခရိုင်၊ မြို့နယ် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း အစို (၁၀၉) ဒသမ (၀၆) တင်း၊ အခြောက် (၉၉) ဒသမ (၀၆) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)