သတင်းများ

မြန်အောင်မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကျင်းပ
May 11,2026
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကို မေ ၁၀ ရက် နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ရသအောင်မြေစာကြည့်တိုက်၌ ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၅)ဆက်မြောက် လူရည်ချွန်ဆုရှင် မောင်ဝေယံဖြိုးအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်မှ အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ်စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ Grade-9 ကျောင်းသား မောင်ဝေယံဖြိုးအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက သရက်ချောင်း မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ ၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
May 11,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို မေလ ၁၁ ရက်၊ နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနရုံးတွင် ပြုလုပ်ပေးလျက်ရှိသည်။
ထူးကြီးမြို့တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ဆီထွက်သီးနှံများ ဖွံ့ဖြိုးတိုးတက်ရေး ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူပညာပေးသင်တန်းနှင့် သီးနှံမျိုးစေ့များပေးအပ်ပွဲကျင်းပ
May 11,2026
မကွေးတိုင်းဒေသကြီး၊ ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာအတွင်း ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူပညာသင်တန်းနှင့် သီးနှံမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများအား တရင်းတနှီးဝင်ရောက်နှုတ်ဆက်
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးစွာဝင်ရောက် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်း အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁၀) (ပြည်စခန်း) မှ သင်တန်းသား၊ သင်တန်းသူများ ကွင်းဆင်းလေ့လာ
May 11,2026
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၌ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ပြည်)နှင့် မှော်ဘီလေတပ်စခန်းတို့ပူးပေါင်း၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁၀) (ပြည်စခန်း) ကို ၂၇-၄-၂၀၂၆ မှ ၂၉ -၅ -၂ဝ၂၆ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည်။
မိုင်းပျဥ်းမြို့၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်(လွန်စိုင်း)ရွာ၊ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။