မြန်အောင်မြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကျင်းပ

မြန်အောင် မေ ၁၁

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကို မေ ၁၀ ရက် နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ရသအောင်မြေစာကြည့်တိုက်၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲတွင် မြန်အောင်မြို့နယ်စာရေးဆရာ အသင်းနာယက အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရစာရေးဆရာ ဆရာကြီး ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)က အဖွင့်အမှာစကားပြောကြားပြီး ရွေးချယ်တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဝင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ရွေးချယ်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်အဖွဲ့ခေါင်းဆောင် ဆရာကြီးဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)နှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံစာရေးဆရာအသင်းက ထုတ်ပြန်ထားသည့် မြို့နယ်စာရေးဆရာအသင်းများ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အမှုဆောင်များကို ရွေးချယ်၍ အတည်ပြုကြေညာခြင်းနှင့် မြန်မာနိုင်ငံစာရေးဆရာ အသင်း၏ စတုတ္ထအကြိမ်ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်နှင့်အရန်ကိုယ်စားလှယ်ရွေးချယ် အတည်ပြုခြင်းများကို ဆောင်ရွက်ပြီး မြို့နယ်စာရေးဆရာ အသင်း၏မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)