၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်းလူရည်ချွန်စခန်း (ငွေဆောင်) စခန်းသိမ်းမီးပုံပွဲအခမ်းအနားကျင်းပ
May 11,2026
၂၀၂၆ ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက အဆိုပါစခန်းများတွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။