ငဖဲမြို့နယ်တွင် လူထုဖြန့်နှင့်ထင်းစိုက်ခင်းများတွင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၅၂၀၀၀)ပင် ပျိုးထောင်ထားရှိ
May 29,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်သာယာရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်နှင့်ထင်းစိုက်ခင်းများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၂၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။