သတင်းများ

လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး အနာဂတ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
May 11,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများစုပေါင်း၍ အနာဂတ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင် ရေး၊ စာအုပ်လှူဒါန်းပွဲကို မေ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက အလယ်ချောင်းအောက် ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ပခုက္ကူမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 11,2026
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်း၊ ခေတ္တတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက် ပါကာ မေလ ၉ ရက် နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှု
May 11,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တောင်ကြီးမြို့တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ Eco Care Co.,Ltdမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင်တွေ့ဆုံရာ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီမှတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက ရေပေးဝေရေးလုပ်ငန်းမှာ အများပြည်သူအကျိုးပြုသောလုပ်ငန်းတစ်ခုဖြစ်သဖြင့် စာချုပ်ပါသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ရေပိုက်လိုင်းများတပ်ဆင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 11,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုး ရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၁၀ ရက်နေ့က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ AI နည်းပညာလက်တွေ့အသုံးပြုနည်း သင်တန်းဖွင့်လှစ်
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက AI နည်းပညာ လက်​တွေ့အသုံးပြုနည်းသင်တန်းဖွင်လှစ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ မျိုးဆက်သစ်လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
မုဒုံမြို့၌ တောင်သူများအတွက် မျိုးသန့် မျိုးပွားမျိုးစေ့ (Rs) ပေးအပ်
May 11,2026
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။