သတင်းများ

သာယာဝတီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 27,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့​သည်။
မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
May 27,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍  နွေရာသီစစ်တုရင် သင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညောင်ဦးခရိုင် လူထုအခြေပြဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 27,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် မှန်တန်းရပ်ကွက်ပလစ (၂) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံ ပညာအထက်တန်းကျောင်းရှိ စင်္ကြာမင်းခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းမြို့၌ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် သင်ထောက်ကူပစ္စည်းများဆိုင်ရာ လက်တွေ့သရုပ်ပြသင်တန်း (၂)ရက်ကြာ ဖွင့်လှစ်ပို့ချ
May 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save The Children တို့ပူးပေါင်း၍ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် သင်ထောက်ကူပစ္စည်းများဆိုင်ရာ လက်တွေ့သရုပ်ပြသင်တန်းကို စစ်ကိုင်းမြို့၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်း(စကုမှော်)တွင် (၂)ရက်ကြာဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
သရက်မြို့၌ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း အသိပညာပေး အခမ်းအနားကျင်းပ
May 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း အသိပညာပေး အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်ရှိ အခြေခံပညာ အ.ထ.က(၅)နှင့် အ.ထ.က(၆) စာသင်ကျောင်းသို့ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံမှုအခြေအနေ ကွင်းဆင်းကြည့်ရှု
May 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အ.ထ.က(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ သယံဇာတ​ရေးရာဝန်ကြီးဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စည်ပင်ကျန်းမာဌာနမှ ဌာနမှူး ဒေါက်တာမြင့်သန်းထွန်းနှင့်အဖွဲ့တို့ ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇင်မင်းလှိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
ဝါးခယ်မတွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်း ဒေါ်ပိုက်မိခန်းမ၌ ပြုလုပ်ခဲ့သည်။