တံတားဦးခရိုင်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တံတားဦး မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်များ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန် ရည်ရွယ်၍ ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို  တံတားဦးခရိုင်အတွင်းရှိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်နေကြောင်း တံတားဦးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ထံမှ သိရသည်။

ထို့နောက် လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်ကျေးရွာနေပြည်သူများကို Biometric Enrollment and UID Management System အသုံးပြု၍ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ပြီး e- ID စနစ်လုပ်ငန်းစဉ်များ ဖြစ်သည့် e-ID Database Systemအတွင်းသို့ Biometric အချက်အလက်ဖြစ်သော (လက်ဇွေ၊ မျက်နှာသွင်ပြင်၊ မျက်လုံးသူငယ်အိမ်တို့နှင့် Biographic အချက်ဖြစ်သည့်(အမည်၊ အသက်၊ လိင်၊ ကိုင်ဆောင်သည့်ကတ်ပြားအမှတ်၊ လက်ရှိနေရပ်လိပ်စာ၊ ဖုန်းနံပါတ်)စသည့် အချက်အလက်များကို Digital System Enrollment Device စက်ပစ္စည်းများကို အသုံးပြုပြီး အချက်အလက်များ ထည့်သွင်းခြင်းနှင့် ထိန်းသိမ်းခြင်းများပါဝင့်သည့် Unique Identity (UID) ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

တံတားဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းများကို ဌာနဆိုင်ရာများ၊  ကျောင်းများနှင့်၊ ရပ်ကွက်/ကျေးရွာများသို သတ်မှတ်များအတွင်း  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီးသက်ဆိုင်ရာ မြို့နယ်ရုံးများတွင်လည်း ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တံတားဦးခရိုင် တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၄-ခုနှစ် မတ်လ(၁)ရက်နေ့အထိ (၁၉၉၃၁)ဦး၊ ငါန်းဇွန်မြို့နယ်အနေဖြင့် (၁၅၉၈၅)ဦး ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)