သာစည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မကျီးခွကျေးရွာ၌ ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် အသင်းသား၊ အသင်းသူများထံသို့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက စီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးစိန်က အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဝင်၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၇) ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၃၉) ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၄၄) ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ (၁၃၀) ဦးထံသို့၊ ငွေကျပ် ၃၉.၀၅ သန်းကို တာဝန်ရှိသူ အသီးသီးက ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)