သတင်းများ

ဖောင်းပြင်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
May 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၉၇ ဒသမ ၁၈သန်းဖြင့် ဖောင်းပြင်မြို့၌ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်းများနှင့် မြို့ပုံရိပ် ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်များတွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
May 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်အနီး ငဝန်မြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
May 23,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေး‌ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 23,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက်  ကျောင်းသား၊ ကျောင်းသူ ၁၈၆၃၂ ဦး ကျောင်းအပ်နှံပြီးစီး
May 23,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၂ ရက်နေ့ကစပြီး  သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ လာရောက်ကျောင်းအပ်နှံသည့် ထက် ၊ လယ် ၊ မူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၆၃၂ ဦးရှိပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လိပ်သိုမြို့တွင် လက်ဖက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုင်ဝင်ငွေရရှိ
May 23,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ မိမိတို့၏ နေအိမ်ခြံဝင်းများအတွင်းတွင် လက်ဖက်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြ ရာမှ မိမိတို့ စားသုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။