မိုင်းရယ် မေ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် နားခိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပန်းရံသင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ပေးခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်း ခိုင်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းမှပို့ချပေးမည့် အသိပညာ၊ အတတ်ပညာများကို စနစ်တကျလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချတတ်နိုင်စေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရံသင်တန်းကို မေ ၁၂ ရက်မှ ၂၆ ရက်နေ့အထိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာကြီးကြပ်မှုဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)