သတင်းများ

ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ရောက်ရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
May 22,2025
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဖောင်းပြင်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနက စီစဉ်ကျင်းပသော မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖောင်းပြင်- ဟုမ္မလင်း ကားလမ်းဘေး၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူများပူးပေါင်းပါဝင်ကာ သစ်ပင်ပေါင်း ၅၄၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 22,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို မေလ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့တွင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူများဖြင့်စည်ကား
May 22,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့တွင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ကျောင်းအပ်နှံသူများ ဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ရှိရင်း (၃၅၅၁၃)ဦး​ရှိရာ ယနေ့ကျောင်းအပ်နှံသူ (၁၆၀၆၄)ဦးရှိကြောင်း မြန်အောင်ခရိုင် ပညာရေးမှူးရုံးမှသိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ 
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင် ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့အမှတ်(၁) အခြေခံပညာကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကြည့်ရှုအားပေး
May 22,2025
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KGတန်းမှ Grade-12  ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်မေလ (၂၂)ရက် နေ့မှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တိုင်းဒေသကြီးဝန်ကြီးများက အမှတ် (၁) အခြေခံပညာ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။
စမ်းချောင်းမြို့နယ်၌ “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါစမ်းသပ်ကုသခြင်း လုပ်ငန်းများဆောင်ရွက်
May 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါစမ်းသပ်ကုသခြင်း လုပ်ငန်းများကို  မေလ ၂၀ ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိ ကြောင်း သိရသည်။
သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် ၇၅၀၀၀ ပျိုးထောင်ထားရှိ
May 22,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၅ မိုးရာသီတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၇၅၀၀၀ ကို မြို့မ(လူထုဖြန့်) ပျိုးဥယျာဉ်တွင်ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံက သိရသည်။