မြဝတီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Unique Indentity )ကတ်ပြားများ ပေးအပ်
May 12,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး မှ ကြီးမှူး၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ကာလအတွင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (unique Identity) ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။