ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပခုက္ကူ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းများကို မေလ ၁၂ နံနက် ၁၀ နာရီအချိန်က လူစည်ကားရာနေရာများ၊ ဧရာဝတီမြစ်ကမ်းဘေး နီးစပ်ရာရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူစည်ကားရာ လမ်းဆုံများ၊ ဧရာဝတီမြစ်ကမ်းဘေး နီးစပ်ရာ ရပ်ကွက်များတွင် မုန်တိုင်းဘေး၊ ရေဘေးတို့နှင့်ပတ်သက်သည့် ရေကြီးခြင်း/ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း/ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်/ မုန်တိုင်းဖြစ်ပေါ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်ခွေ